VK Privacy & Security အကြောင်းလေးနည်းနည်းပြောပြပေးမယ်ညှော်
VK Apk မှ Privacy and Security ပြုလုပ်ပုံ
အကောင့်ဖွင့်ပြီးပြီဆွင် Date of Birth (မွေးသက္ကရာဇ်)ကိုလူမသိစေချင်ဘူးဆိုရင်ကိုယ့်ရဲ့ Profile ထဲဝင် Profile pic အောက်နားက Edit ကိုနှိပ် ကိုယ့်မွေးသက္ကရာဇ်အောက်နားမှာရှိတဲ့ဟာလေးနှိပ်လိုက် Don't Show in Profile ဆိုတာရွေးလိုက်ပါ အဲ့ဒါဆိုကိုယ့်မွေးသက္ကရာဇ်ကျန်တဲ့လူမမြင်တော့ပါဘူး။
သူ့မှာ FB နဲ့မတူတာက ဖုန်းနံပါတ်နဲ့ Email တွေက FB လိုမျိုးပိတ်မရပေမယ့်အကုန်လည်းပေါ်မနေပါဘူး ကြားကဟာတွေဖျောက်ထားပေးပါတယ်။
Email ထပ်တိုးချင်ရင် Account setting ထဲဝင်ပြီး Email နေရာလေးနှိပ်ပြီးထပ်ထည့်လိုက်ရင် Email ထဲ Confirm Link ရောက်လာပါလိမ့်မယ်အဲ့လင့်ထဲဝင်တာနဲ့ Login ဖုန်းထည့် Password ထည့်ပြီးဝင်လိုက်ရင်ရပါပြီ။
ကိုယ့်ဖုန်းနံပါတ်ကိုရိုက်ပြီးကိုယ့်ရှာလို့မရအောင်လုပ်ချင်ရင် Setting ထဲက Privacy ထဲသွားပါ Who Can Contact Me ထဲကအောက်ဆုံးနားမှာရှိပါတယ် အဲ့ဒါကို Nobody ရွေးလိုက်ပါ။
ကိုယ်ရှိနေတဲ့နေရာလူမသိစေချင်ဘူးဆိုရင် Setting ထဲက General ထဲက Location Data ပိတ်ထားပါ
Video Autoplay လုပ်တာမကြိုက်ရင်အဲ့ထဲမှာပဲပိတ်လို့ရပါတယ်။
အဲ့ဒါတွေအားလုံးပြီးလို့ 2step on မယ်ဆိုရင် Browser ကို Desktop View ပြောင်းပြီး www.vk.com ဆိုပြီးရိုက်လိုက်ပါ Login ဝင်ပါ ပြီးလျှင် setting ထဲဝင် Security ထဲမှာ 2step on ပါလိုက်ပါ။
VK ရဲ့ထူးခြားချက်က ကုဒ်ဝင်တဲ့အခါဖုန်းကိုဝင်ပါတယ် ကိုယ့်ဖုန်းတစ်လုံးထဲကတစ်ခြား apk တွေနဲ့ Login ဝင်ရင် Noti ထဲမရောက်ပဲ Message ထဲက VK Administrator ထဲဝင်ပြီးအဲ့ထဲရောက်တဲ့ကုဒ်ထည့်ပေးရပါတယ်။
အားလုံးအဆင်ပြေကြပါစေ
Credit